Thursday, December 3, 2015

                  ဆပ်သွားခြုံကျေးရွာတွင် D.K.B.A တပ်ဖွဲ့ ဝင်တစ်ဦး ဒါးဖြင့် အထိုးခံရ၍ သေဆုံး
     ====================================
                 


ဝေါ ၊ဇွန်(၃)
               ပဲခူးတိုင်းဒေသကြီးဝေါမြို
့နယ်ပိုင်ဆပ်သွားခြုံကျေးရွာတွင်ဇွန်လ(၂)ရက်နေ့ ည(၁၀)နာရီ
အချိန်ခန် (D.K.B.A)တပ်ဖွဲ့ မှတပ်ဖွဲ့ ဝင်နှစ်ဦးနှင့်
ဆပ်သွားခြုံကျေးရွာသားနှစ်ဦးစကားများရန်ဖြစ်ပြီး
ဒါထိုးမှုတစ်ခုဖြစ်ပွားခဲ့ ကြောင်း ယင်းကျေးရွာသားတစ်ဦးထံကသတင်းရရှိသည်။
     ရန်ကုန်မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ်(၈၂/၆ နှင့်၈၂/၇)ကြား
ဆပ်သွားခြုံကျေးရွာ
ရှိကုန်စုံဆိုင်အနီးတွင်  မြ၀တီမြို့    အမှတ်(၄)ရပ်ကွက်နေသူ (D.K.B.A)
တပ်မှ      တပ်သားအဆင့်
ရှိစောကော်လေးနှင်
့တပ်ကြပ်ကြီးအဆင့်ရှိစောမိုးဟိန်းဆိုသူတို့နှစ်ဦးမှာအဆိုပါဆပ်သွားခြုံကျေးရွာနေ
မျိုးနိုင်(ခ)နွားကြီး(ဘ)ဦးတိုး၊မောင်မျိုး(ဘ)ဦးကြင်စိုးဆိုသူနှစ်ဦးနှင်
့ စကားများရန်ဖြစ်ရာမှ  မျိုးနိုင်(ခ)
နွားကြီးဆိုသူကအသင့် ပါလာသည့် ဒါးဖြင်
့ထိုးပြီးထွက်ပြေးတိမ်းရှောင်သွားကြောင်း  ဒါးဖြင့်အထိုးခံရ
သူ စောကော်လေးမှာ ၀မ်းဗိုက်ဝဲဘက်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး
အဆိုပါဒဏ်ရာဖြင့်  ဝေါမြို့
နယ်ပြည်သူဆေးရုံကြီးတွင်သေဆုံးသွားပြီး     တပ်ကြပ်ကြီး  စောမိုးဟိန်းမှာ
ယာဘက်ကျောထိုးသွင်း
ဒဏ်ရာ(၁)ချက်၊   ယာဘက်နံရိုးအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ ဖြင်
့ပဲခူးမြို့ ပြည်သူ့ ဆေးရုံကြီး၌
ဆက်လက်ဆေးကုသမှုခံယူနေကြောင်းသိရှိရသည်။
                     ၎င်းဖြစ်စဉ်နှင့် ပက်သက်၍တပ်သားစောကော်လေးနှင်
့တပ်ကြပ်ကြီးစောမိုးဟိန်းတို့ 
့နှစ်ဦးအား   သေဆုံး/ဒဏ်ရာရရှိအောင်  ပြုလုပ်သူ
မျိုးနိုင်(ခ)နွားကြီး  နှင့် မောင်မျိုးတို့  နှစ်ဦးအား
(D.K.B.A)တပ်မှဗိုလ်ကြီးအဆင်
့ရှိစောလမင်း(ခ)မွန်လေးဆိုသူ၏တရားလိုပြုလုပ်တိုင်တန်းချက်အရ
သက်ဆိုင်ရာနယ်မြေညောင်ခါးရှည်ရဲစခန်းမှစခန်းမှူးရဲအုပ်ထန်ကျင်းက(ပ)
၆၃/၂၀၁၅   ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင်
့လှစ်ထားပြီးအမှုနှင့်ပက်သက်သူများအားစုံစမ်းစစ်ဆေးဖမ်းဆီးရန်
ဆောင်ရွက်လျှက်ရှိကြောင်းဆက်လက်သိရှိရသည်။
waw news

No comments:

Post a Comment