ဝေါမြို့ နယ်ပြည်သူ့ ဆေးရုံကြီးတွင်မွေးလူနာတချို
့အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ ဟုဆို
=================================================
ဝေါ၊ဒီဇင်ဘာ(၄)
ပဲခူးတိုင်းဒေသကြီးဝေါမြို
့နယ်ပြည်သူ့ ဆေးရုံကြီးတွင်ပြီးခဲ့ သည့်ရက်ပိုင်းကမွေးလူနာအချို့ 
မီးဖွားရာတွင်အဆင်မပြေမှုများရှိခဲ့ ကြောင်း ဆေးရုံဝန်ထမ်းတချို
့မှငွေကြေးတောင်းခံမှုများလည်းရှိခဲ
့သည်ဟုဝေါမြို့ အရှေ့ ဘက်ကမ်းရပ်ကွက်အောင်ချမ်းသာပိုင်းမှအမည်မဖေါ်လိုသူမွေးလူနာတစ်ဦးနှင့်
သမီးဖြစ်သူကပြောသည်။
“မီးဖွားပြီးချင်းမှာ ငွေ(၂၀၀၀၀)ကျပ်နဲ့ သမီးတို့ ကလိုင်ချီးစ်အအေးဗူးပေးတော့
ပြန်ချ
ထားပြန်ချထားဒီလိုဗူးမျိုးမသောက်ဘူးကျွဲရိုင်းဗူ့း ဘဲသောက်တယ်လို
့ပြောတယ် မမွေးနိုင်လို ဗိုက်နာ
နေလို့ခွဲမွေးပေးပါလို့ ပြောတော့ ခွဲမွေးဖို့ ဘာမှအစီစဉ်ရှိတာမဟုတ်ဘူးငွေ(၁၅၀၀၀၀)ကျပ်ပေးရင်
ခုချက်ခြင်းခွဲမွေးပေးမယ်လို လည်းပြောတယ် ဆေးရုံကဆင်းတော့အလှူငွေ
တက်နိုင်သလောက်
လှူခဲ့ ဆိုလို့ သမီးတို့ ငွေ(၃၀၀၀)ကျပ်လှူခဲ့ ပါတယ် ခလေးကတော့
အဖတ်မတင်ခဲ့ ပါ ဟုမွေးလူနာ
၏သမီးဖြစ်သူက ဆိုသည်။
ပြီးခဲသည့်အောက်တိုဘာလကလည်းဝေါဆေးရုံသိုလာရောက်မွေးဖွားသည့်ကန်တော်ရပ်
ကွက်ပိုင်တဲကြီးစုပိုင်းမှမွေးလူနာတစ်ဥိးအားမူလကဗိုက်ခွဲမွေးမည်ဟုပြောဆိုခဲ
့ပြီး လိုအပ်သည့်ဆေး
ဝါးများ ၀ယ်ယူခိုင်းခဲ့ ပြီးမှ ရိုးရိုးသာမွေးဖွားခဲ့ ၍
ခလးမှာ အဖတ်မတင်ခဲ့ ကြောင်း (၄)ရက်ခန့်ဝေါဆေး
ရုံတွင်တက်ရောက်ကုသခဲ့ ပြီးခွဲမွေးပါကလိုအပ်မည်ဟုဆိုကာဝယ်ယူခိုင်းခဲ
့သောဆေးဝါးများကိုလည်း
ဆေးရောင်းချသည့်ဆိုင်သို့ ပြန်လည်ပေးအပ်၍ငွေပြန်ရှင်းခဲ
့ရကြောင်းမိမိတို အနေဖြင့် ဝေါဆေးရုံ၏
ဆေးကုသမှုကျန်းမာရေးစောင့်ရှောက်မှုများအား ကျေနပ်မှုမရှိသော်လည်းအရှည်အရှည်ဖြစ်မည်
ကိုမလိုလား၍သက်ဆိုင်ရာသို မတိုင်ကြားခဲ့ ပါဟုစုံစမ်းသိရှိရသည်။
အဆိုပါကိစ္စများနှင့်ပက်သက်၍ဝေါမြို့ နယ်ဆေးရုံကြီးသို
့ဆက်သွယ်စုံစမ်းမေးမြန်းရာမိမိတို့ 
ဆေးရုံမှဝန်ထမ်းများအနေဖြင့်ဆေးရုံသို့ လာရောက်ကုသသည့်လူနာများအားငွေကြေးတောင်းခံခြင်း
မရှိကြောင်း ဆေးလာရောက်ကုသသည့်အချို သော့ချို့ တဲ့ သည့်လူနာများကိုပင်လိုအပ်သည့်ဓါတ်စာ
ဖိုးနှင့်အသုံးအဆောင်များအားအခြားလူနာရှင်များထံမှပင်အလှူခံပေးပြီး မိမိတို့ ကိုယ်ပိုင်ငွေများ
မှလည်းချို့ တဲ့ သောလူနာများနှင့်ပက်သက်၍ကုန်ကြခံသုံးစွဲမှုများရှိကြောင်း
ဝေါဆေးရုံသိုလာရောက်
ကုသသည့်လူနာများအား အယုတ်အလတ်အမြတ်မရွေး တပြေးညီဆက်ဆံပါသည်ဟုတာဝန်ရှိသူ
ဆရာဝန်ကြီးကပြောသည်။
ဝေါမြို
့နယ်ဆေးရုံကြီးတွင် ပြီးခဲ့သည့် အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်းစုစုပေါင်း
မွေးလူနာ(၁၁၃)ဦးရှိပြီး အရှင်မွေး(၁၁၁)ဦးနှင့်အသေမွေး(၂)ဦးသာရှိကြောင်း
တစ်မြို့ နယ်လုံးအနေ
ဖြင့်နိုဝင်ဘာလအတွင်းမွေးလူနာ(၃၄၇)ဦးတွင်အသေမွေး(၇)ဦးသာရှိကြောင်းဝေါမြို
့နယ်ပြည်သူ့ 
ဆေးရုံကြီး၏စာရင်းမှတ်တမ်းများအရဆက်လက်သိရှိရသည်။
copy from - wawmedia

No comments:
Post a Comment