Wednesday, December 2, 2015



ဝေါ အ ထ က ကျောင်းကြီးတွင် ရေချိုရေ
လှောင်ကန်အတွင်း(၅)ရက်ခန့် ရေပြတ်လပ်




ဝေါ၊ဒီဇင်ဘာ(၂)


ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်ရန်ကုန်မော်လမြိုင်ကားလမ်းမဘေးအေးချမ်းသာယာ
ရပ်ကွက်ရှိ(ဝေါ)အ-ထ-က ကျောင်းကြီးတွင် ကျောင်းရေလှောင်ကန်အတွင်းမိုးရေပြတ်လပ်သည့်
အချိန်နှင့်ရေချိုအလှူရှင်မရှိသည့်အတွက်ရေ(၅)ရက်ခန့် ပြတ်လပ်ခဲ့ ကြောင်းသတင်းရရှိသည်။
အဆိုပါကျောင်းကြီးတွင်ရေဂါလံ(၁၀၀၀)ဆန့် ရေလှောင်ကန်(၁)ခုနှင့်ဂါလံ(၂၀၀၀)
ကျော်ဆန့် ရေလှောင်ကန်(၁)ခုပေါင်း(၂)ခုရှိကြောင်းအလှူရှင်တစ်ဥိးမှလာရောက်လှူဒါန်းထားသော
ရေသန့် စက်တစ်ခုရှိပြီးရေလှောင်ကန်အတွင်းမှရေများကိုရေသန့် အဖြစ်ပြန်လည်သန်စင်၍ရေလီတာ
(၁၀၀၀)ခန့် ဝင်ဆန့်သည့်စတီးလှောင်ကန်(၃)ခု၊ရေလီတာ(၅၀၀)၀င်ဆန့် သည့်စတီးလှောင်ကန်
(၁)ခုနှင့်ရေလီတာ(၂၅၀)၀င်ဆန့်သည့်စတီးလှောင်ကန်(၁)ခု၊စုစုပေါင်း(၅)ခုသိုပြန်လည်ဖြန့် ဝေပြီး
၎င်းစတီးရေသန့် လှောင်ကန်များမှတဆင့် ကျောင်းသား/သူများသောက်သုံးရေအဖြစ် သုံးစွဲကြောင်း
သိရှိရသည်။
ရေလှောင်ကန်တွင်းရေပြတ်လပ်ခဲ့ သည့်အချိန်တွင်ကျောင်းဝင်းတွင်းရှိ စက်ရေတွင်းမှ
ရေကို ရေသန့် အဖြစ်ထုတ်ယူသုံးစွဲခဲ့ ကြောင်း မြို့ နယ်စည်ပင်သာယာဌာနမှ ပြီးခဲသည့်ရက်ပိုင်းက
ရေဂါလံ(၁၀၀၀)ကျော်ဆန့်  ရေလှောင်ကန်တစ်ခုအတွင်းသို့ ရေလာရောက်ဖြည့်ပေးခဲ့ သည် ဟု
ကျောင်းအုပ်ဆရာမကြီးကပြောသည်။
ဝေါမြို့ နယ်အတွင်းရှိ စက်ရေတွင်းမှထွက်ရှိသောတွင်းရေများမှာသောက်သုံးရေအဖြစ်
အသုံးပြုရန်မသင့်ကြောင်းအဆိုပါတွင်းရေများတွင်များသောအားဖြင့်(Arsenic) အားဆင်းနစ် ဟုခေါ်
သောစိန်ဓါတ်များပြားစွာပါဝင်ကြောင်းရေသန့် စက်များမှာ ထုံးဓါတ် သံဓါတ် နှင့်အခြားသတ္ထုဓါတ်
များကို ဖယ်ရှားသန့် စင်နိုင်သော်လည်း စိန်ဓါတ်ကိုဖယ်ရှားရန်မလွယ်ကူကြောင်း ဖယ်ရှားနိုင်ပါက
လည်းစွန့် ပစ်ရန်မလွယ်ကူကြောင်း လွန်ခဲ့ သောနှစ်အနည်းငယ်က ယူနီဆက်(Unicef)မှလာရောက်
စစ်ဆေးခဲ့ ရာ ဝေါမြို့ နယ်အတွင်းရှိတွင်းရေများတွင် အားဆင်းနစ်ဓါတ် ပါဝင်မှုနှုန်း ၅၀% ကျော်
ခန့် ပါဝင်ကြောင်းတွေ့ ရှိရပြီး ရေသန့် ထုတ်လုပ်မည့်ရေအား အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန
(National Health Laboratory)သို့ နမူနာပို့ ဓါတ်ခွဲစပ်းသပ်ပြီးမှသာ ရေသန့် ထုတ်၍သောက်သုံး
သင့်သည်ဟု ဝေါမြို့ နယ်အတွင်းရှိတွင်းရေများနှင့်ပက်သက်၍ဌာနတစ်ခုမှ ပညာရှင်တစ်ဦးက
သုံးသပ်ပြောကြားသည်။
ကျောင်းရေလှောင်ကန်အတွင်း၌ ရေပြတ်လပ်ခဲ့ သည့်ရက်များအတွင်း ကျောင်းဈေးဆိုင်များတွင်
ရေသန့် ဗူးခွံအလွတ်တွင်ရေပြန်ဖြည့်ထားသောရေဗူးများအား
(၅၀)ကျပ်(၁၀၀)ကျပ်ပေး၍ကျောင်းသားအချို့ 
ဝယ်ယူသောက်သုံးခဲ့ ရ
ကြောင်းအဆိုပါ အထက(ဝေါ)ကျောင်းကြီးတွင်ပညာသင်ကြားနေသော
ကျောင်းသား/သူဦးရေ(၂၀၀၀)ကျော်ခန့် ရှိကြောင်းဆက်လက်သိရှိရသည်။
copy from - wawmedia

No comments:

Post a Comment