ဝေါမြို
့ပေါ်ရှိဆေးရောင်းချသည့်ဆေးဆိုင်ပိုင်ရှင်တစ်ဦး
အမျိုးသားဆေးဝါးဥပဒေဖြင့်အရေးယူခံရ
ရန်ကုန်၊ဒီဇင်ဘာ(၁၇)
ပဲခူးတိုင်းဒေသကြီးဝေါမြို
့နယ်သစ်စက်ရပ်ကွက်ဘူတာလမ်းရှိဆေးဆိုင်တစ်ဆိုင်အား
ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးစီးမှူးပါဝင်သောအဖွဲ
့က
ဝင်ရောက်စစ်ဆေးခဲ့ ကြောင်းဒေသခံတစ်ဦးထံကသတင်းရရှိသည်။
ဒီဇင်ဘာလ(၁၆)ရက်ညနေ(၅)နာရီကျော်အချိန်ခန်
့ကပဲခူးအမှတ်(၄)မှုခင်းတပ်ဖွဲစုမှဒုရဲမှူးဝင်းနိုင်
နှင့်အခြားအဆင့်(၂)ဦး၊ ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးစီးမှူး
ဒေါက်တာဒေါ်နီနီအေးပါ(၂)ဦး၊ ဝေါမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒုဦးစီးမှူးဦးဆန်းမင်းထွန်း၊
ဝေါမြို့ နယ်ပြည်သူ့ ဆေးရုံမှသူနာပြုအဆင့်(၁) ဒေါ်စန်းစန်းမြ၊ဝေါမြို့ မရဲစခန်းမှနယ်မြေတာဝန်ခံနယ်
ထိန်းခေါင်းဆောင်ဦးစီးအဖွဲ့ ၊့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အသိသက်သေများက အဆိုပါဆေးဆိုင်၌
စပ်ဆေးများရောင်းချနေကြောင်းသတင်းအရ၀င်ရောက်ရှာဖွေရာကျန်းမာရေးဝန်ကြီးဌာနမှသုံးစွဲရန်
မသင့်ဟုသတ်မှတ်ကြေငြာထားသောဆေးဝါးများတွေ့ ရှိ၍သိမ်းဆည်းရမိကြောင်းမြို
့မရဲစခန်း၏ရဲမှတ်
တမ်းများအရသိရသည်။
သိမ်းဆည်းရမိသောဆေးဝါးများမှာ Amoxiciline 250 mg, Bisolvon,Cold
Tablet,Kemose,
Cought
Tablet ,B 6 အမည်ပါ စပ်ဆေးထုပ်(၂၀)ခန့် သိမ်းဆည်းရမိကြောင်း
တရားဝင်ရောင်းချခွင့်
ဆေးဆိုင်လိုင်စင်လည်းစစ်ဆေးချိန်တွင်ပြသနိုင်မှုမရှိ၍ဆေးဆိုင်ပိုင်ရှင် ဦးသိန်းဝင်းအား
ပဲခူးတိုင်း
ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါက်တာဒေါ်နီနီအေးမှမြို့ မရဲစခန်းသို
့တရားလိုပြုလုပ်တိုင်တန်းသဖြင့်ဝေါမြို့ မရဲစခန်းမှ (ပ)၄၇၆/၂၀၁၅ အမျိုးသားဆေးဝါးဥပဒေပုဒ်မ
၁၈/၁၉ ဖြင့်အမှုဖွင့်လှစ်ထားပြီးယင်းအမှုအားဒုရဲမှူးဝင်းနိုင်မှစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆက်လက်သိရှိရသည်။
wawnews

No comments:
Post a Comment