Thursday, December 17, 2015
ယာဉ်တိုက်မှုဖြစ်ပွား၍လူသေဆုံး
=======================
ပဲခူး ဒီဇင်ဘာ(၁၅)
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် အဗျာငှက်ချေးဝင်းကျေးရွာအနီး ရန်ကုန်မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၇၉/၆ နှင့် ၇ ကြားတွင်း လမ်းဖြတ်ကူသူလူအား ယာဉ်တိုက်၍သေးဆုံးမှုဖြစ်ပွားခဲ့ပါသည်
ဖြစ်စဉ်မှာ၂၀၁၅ ၁၂ ၁၅ ရက်နေ့ ညနေ့၀၃၄၀ အချိန် ရန်ကုန်ဘက်မှဘာအံဘက်သို့ ယာဉ်မောင်းဦးဝင်းကြည် အမှတ်၅ရပ်ကွက် ဝန်ထမ်းအိမ်ယာ ဘာအံမြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် 4G/4907 ယာဉ်အမျိုးအစား CARAVAV ခဲရောင်ယာဉ်အား မောင်းနှင်လာစဉ် ကားလမ်း၏ ဘယ်ဘက်ခြမ်းမှညာဘက်ခြမ်းသို့ လမ်းဖြတ်ကူးသူ ဦးရန်ရှင်း ကျောင်းပိုင်းလေးရပ်ကွက် ဖောင်တော်သီရာမကျေးရွာ ဒိုက်ဦးမြို့နယ် ပဲခူးခရိုင် ပဲခူးတိုင်းဒေသကြီးနေသူအား 4G/4907ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ဖြတ်တိုက်ခဲ့ရာ ဦးရန်ရှင်း မှာဦးခေါင်းအပြင်ထန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေးဆုံးခဲ့သည်
ဖြစ်စဉ်နှင့်ပတ်သတ်၍ ဝေါမြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်းမောင်းသူ ယာဉ်မောင်းဦးဝင်းကြည်အား ယာဉ်(ပ)၇၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄(က)အဖြင့် အရေးယူအမှုဖွင့်ဖမ်းဆီးထားကြောင်းသိရပါသည်
Copy From -
-www.facebook.com/nay.ye.31508076?fref=ts
ဝေါမြို့ ပေါ်ရှိဆေးရောင်းချသည့်ဆေးဆိုင်ပိုင်ရှင်တစ်ဦး
အမျိုးသားဆေးဝါးဥပဒေဖြင့်အရေးယူခံရ
ရန်ကုန်၊ဒီဇင်ဘာ(၁၇)
                  ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်သစ်စက်ရပ်ကွက်ဘူတာလမ်းရှိဆေးဆိုင်တစ်ဆိုင်အား
 ပဲခူးတိုင်းဒေသကြီး  အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးစီးမှူးပါဝင်သောအဖွဲ့ က
ဝင်ရောက်စစ်ဆေးခဲ့ ကြောင်းဒေသခံတစ်ဦးထံကသတင်းရရှိသည်။
      ဒီဇင်ဘာလ(၁၆)ရက်ညနေ(၅)နာရီကျော်အချိန်ခန့် ကပဲခူးအမှတ်(၄)မှုခင်းတပ်ဖွဲစုမှဒုရဲမှူးဝင်းနိုင်
နှင့်အခြားအဆင့်(၂)ဦး၊   ပဲခူးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဦးစီးမှူး
ဒေါက်တာဒေါ်နီနီအေးပါ(၂)ဦး၊     ဝေါမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ မှ   ဒုဦးစီးမှူးဦးဆန်းမင်းထွန်း၊
ဝေါမြို့ နယ်ပြည်သူ့ ဆေးရုံမှသူနာပြုအဆင့်(၁)  ဒေါ်စန်းစန်းမြ၊ဝေါမြို့ မရဲစခန်းမှနယ်မြေတာဝန်ခံနယ်
စပ်ဆေးများရောင်းချနေကြောင်းသတင်းအရ၀င်ရောက်ရှာဖွေရာကျန်းမာရေးဝန်ကြီးဌာနမှသုံးစွဲရန်
မသင့်ဟုသတ်မှတ်ကြေငြာထားသောဆေးဝါးများတွေ့ ရှိ၍သိမ်းဆည်းရမိကြောင်းမြို့ မရဲစခန်း၏ရဲမှတ်
တမ်းများအရသိရသည်။
          သိမ်းဆည်းရမိသောဆေးဝါးများမှာ Amoxiciline 250 mg, Bisolvon,Cold Tablet,Kemose,
Cought Tablet ,B 6 အမည်ပါ စပ်ဆေးထုပ်(၂၀)ခန့် သိမ်းဆည်းရမိကြောင်း တရားဝင်ရောင်းချခွင့်
ဆေးဆိုင်လိုင်စင်လည်းစစ်ဆေးချိန်တွင်ပြသနိုင်မှုမရှိ၍ဆေးဆိုင်ပိုင်ရှင်    ဦးသိန်းဝင်းအား ပဲခူးတိုင်း
ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူး     ဒေါက်တာဒေါ်နီနီအေးမှမြို့ မရဲစခန်းသို
့တရားလိုပြုလုပ်တိုင်တန်းသဖြင့်ဝေါမြို့ မရဲစခန်းမှ  (ပ)၄၇၆/၂၀၁၅     အမျိုးသားဆေးဝါးဥပဒေပုဒ်မ
၁၈/၁၉ ဖြင့်အမှုဖွင့်လှစ်ထားပြီးယင်းအမှုအားဒုရဲမှူးဝင်းနိုင်မှစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆက်လက်သိရှိရသည်။
wawnews
Sunday, December 13, 2015
                                 ဝေါမြိုတွင်ပထမဆုံးအကြိမ်
        တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်မှုနှင့်(၁၉၈၉)ခုနှစ်မြို့ ပြမြေအရှုပ်တော်ပုံ
ပဲခူး၊ဒီဇင်ဘာ(၁၂)
          ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်အရှေ့ ဘက်ကမ်းရပ်ကွက်အလင်းရောင်(၁)လမ်းတွင်နေထိုင်သူ
ဦးဝင်းသိန်းဆိုသူမှပြီးခဲ့ သည့်ဒီဇင်ဘာ(၁၁)ရက်နေ့ မနက်(၉)နာရီအချိန်ခန့် က ဝေါမြို့ မဈေးရှေ့ တွင်
တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်မှုပြုလုပ်ခဲ့ ကြောင်းသတင်းရရှိသည်။
          ၁၉၈၉ ခုနှစ်ကမြို့ ပြမြေစီမံကိန်းရေးဆွဲပြီးအခွန်လွတ်ဈေးဆောက်လုပ်ရန်ဟုဆိုကာသိမ်းယူခဲ
့သည့်မြေများထဲတွင်မိမိဘိုးဘွားပိုင်အိမ်ခြံမြေကွက်ပါဝင်သိမ်းယူခံခဲ့ ရကြောင်းနှစ်ပေါင်း(၂၇)နှစ်ကြာ
သည့်တိုင်စီမံကိန်းအကောင်အထည်ဖေါ်ဆောင်နိုင်ခြင်းမရှိသည့်အပြင်  အချို့  မြေနေရာများကိုလည်း
ပုဂ္ဂိုလိကများအားရောင်းစားခဲ့ ကြောင်း       သက်ဆိုင်ရာအာဏာပိုင်အဖွဲအစည်းများနှင့်နိုင်ငံတော်
ဒုသမ္မတဦးဥာဏ်ထွန်းထံတိုင်ကြားခဲ့ သော်လည်းတစုံတရာဆောင်ရွက်ပေးခြင်းမရှိသည့်  အတွက်
ယခုကဲ့ သို့ ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်သည်ဟုဦးဝင်းသိန်းကပြောသည်။
     ဈေးဆောက်လုပ်ရန်မြေနေရာမှာ(၃.၄၀)ဧကဖြစ်ပြီး(၂၀၀၀)ခုနှစ်တွင်စည်ပင်ပိုင်မြေအဖြစ်ဂရန်
ထွက်ရှိခဲ့ ကြောင်း ဆန္ဒထုတ်ဖေါ်သူဦးဝင်းသိန်းတင်ပြလာသောမြေနေရာမှာ မိမိတို့ စည်ပင်ပိုင်မြေ
နှင့်မသက်ဆိုင်ကြောင်း ၎င်းကိစ္စနှင့်ပက်သက်၍လည်းကာယကံရှင်အားခေါ်ယူတွေ့ ဆုံရှင်းလင်းပြ
ခဲ့ ပြီးဖြစ်သည်ဟုဝေါမြို့ နယ်စည်ပင်သာယာအမှုဆောင်အရာရှိဦးသန့် ဇင်ဦးကပြောသည်။
        ပြန်လည်ရယူလိုသဖြင့်ဆန္ဒထုတ်ဖေါ်သည့်မြေနေရာနှင့်ဆက်စပ်နေသောမြေများတွင်(၁၉၉၆)
ခုနှစ်ကဆောက်လုပ်ခဲ့ သော စည်ပင်သာယာပိုင်(၆)ခန်းတွဲဈေးဆိုင်ခန်း(၄)တွဲဆောက်လုပ်ထားသည်
ကိုတွေ့ ရှိရပြီး အချို့ သောမြေနေရာများမှာ    ပုဂ္ဂိုလိက ပိုင်အဆောက်အဦးများနှင့် အစိုးရရုံး(၂)ရုံးရှိ
ကြောင်းသိရှိရသည်။  
          လက်ရှိစည်ပင်သာယာပိုင်ဧက(၃.၄၀)ဂရန်ထွက်ရှိထားသောမြေနေရာတွင်ကျပ်သိန်းပေါင်းသောင်းချီ
ကုန်ကြခံဆောက်လုပ်မည့်   အဆင့်မြင့်ဈေး     စီမံကိန်းတစ်ခုကို(၂၀၁၅)ခုနှစ်တွင်  တင်ဒါခေါ်ခဲ့ ရာ
ပထ၀ီစိုးကုပ္မဏီမှတင်ဒါအောင်ခဲ့ ကြောင်း အကျိုးတူပူးပေါင်းဆောင်ရွက်မည့်ကုပ္မဏီနှင့်သက်ဆိုင်ရာ
စည်ပင်သာယာဌာနတို သဘောတူ့စာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေကြောင်းသိရှိရပြီး ဝေါမြို့ နယ်တွင်တာ
ဝန်ထမ်းဆောင်ခဲ့ သောအုပ်ချုပ်ရေးမှူးဟောင်း၏ဇနီးဖြစ်သူအမည်ပေါက်ဂရန်မြေတစ်ခုမှာလည်း
အဆိုပါဈေးဝင်ပေါက်နှင့်မလွတ်ကင်းသဖြင့် ဂရန်ပြန်လည်ပယ်ဖျက်ခဲ့ သည့်သတင်းများလည်းထွက်
ပေါ်ခဲ့ သည်။
Thursday, December 3, 2015
         ဝေါမြို့ နယ်ပြည်သူ့ ဆေးရုံကြီးတွင်မွေးလူနာတချို့ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ ဟုဆို
        =================================================
ဝေါ၊ဒီဇင်ဘာ(၄)
             ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်ပြည်သူ့ ဆေးရုံကြီးတွင်ပြီးခဲ့ သည့်ရက်ပိုင်းကမွေးလူနာအချို့ 
မီးဖွားရာတွင်အဆင်မပြေမှုများရှိခဲ့ ကြောင်း ဆေးရုံဝန်ထမ်းတချို့ မှငွေကြေးတောင်းခံမှုများလည်းရှိခဲ
့သည်ဟုဝေါမြို့ အရှေ့ ဘက်ကမ်းရပ်ကွက်အောင်ချမ်းသာပိုင်းမှအမည်မဖေါ်လိုသူမွေးလူနာတစ်ဦးနှင့်
သမီးဖြစ်သူကပြောသည်။
                 “မီးဖွားပြီးချင်းမှာ ငွေ(၂၀၀၀၀)ကျပ်နဲ့ သမီးတို့ ကလိုင်ချီးစ်အအေးဗူးပေးတော့ ပြန်ချ
ထားပြန်ချထားဒီလိုဗူးမျိုးမသောက်ဘူးကျွဲရိုင်းဗူ့း ဘဲသောက်တယ်လို့ ပြောတယ် မမွေးနိုင်လို ဗိုက်နာ
နေလို့ခွဲမွေးပေးပါလို့ ပြောတော့ ခွဲမွေးဖို့ ဘာမှအစီစဉ်ရှိတာမဟုတ်ဘူးငွေ(၁၅၀၀၀၀)ကျပ်ပေးရင်
ခုချက်ခြင်းခွဲမွေးပေးမယ်လို လည်းပြောတယ် ဆေးရုံကဆင်းတော့အလှူငွေ တက်နိုင်သလောက်
လှူခဲ့ ဆိုလို့ သမီးတို့ ငွေ(၃၀၀၀)ကျပ်လှူခဲ့ ပါတယ် ခလေးကတော့ အဖတ်မတင်ခဲ့ ပါ ဟုမွေးလူနာ
၏သမီးဖြစ်သူက ဆိုသည်။
              ပြီးခဲသည့်အောက်တိုဘာလကလည်းဝေါဆေးရုံသိုလာရောက်မွေးဖွားသည့်ကန်တော်ရပ်
ကွက်ပိုင်တဲကြီးစုပိုင်းမှမွေးလူနာတစ်ဥိးအားမူလကဗိုက်ခွဲမွေးမည်ဟုပြောဆိုခဲ့ ပြီး လိုအပ်သည့်ဆေး
ဝါးများ ၀ယ်ယူခိုင်းခဲ့ ပြီးမှ ရိုးရိုးသာမွေးဖွားခဲ့ ၍ ခလးမှာ အဖတ်မတင်ခဲ့ ကြောင်း (၄)ရက်ခန့်ဝေါဆေး
ရုံတွင်တက်ရောက်ကုသခဲ့ ပြီးခွဲမွေးပါကလိုအပ်မည်ဟုဆိုကာဝယ်ယူခိုင်းခဲ့ သောဆေးဝါးများကိုလည်း
ဆေးရောင်းချသည့်ဆိုင်သို့ ပြန်လည်ပေးအပ်၍ငွေပြန်ရှင်းခဲ့ ရကြောင်းမိမိတို အနေဖြင့် ဝေါဆေးရုံ၏
ဆေးကုသမှုကျန်းမာရေးစောင့်ရှောက်မှုများအား ကျေနပ်မှုမရှိသော်လည်းအရှည်အရှည်ဖြစ်မည်
ကိုမလိုလား၍သက်ဆိုင်ရာသို မတိုင်ကြားခဲ့ ပါဟုစုံစမ်းသိရှိရသည်။
     အဆိုပါကိစ္စများနှင့်ပက်သက်၍ဝေါမြို့ နယ်ဆေးရုံကြီးသို့ ဆက်သွယ်စုံစမ်းမေးမြန်းရာမိမိတို့ 
ဆေးရုံမှဝန်ထမ်းများအနေဖြင့်ဆေးရုံသို့ လာရောက်ကုသသည့်လူနာများအားငွေကြေးတောင်းခံခြင်း
မရှိကြောင်း ဆေးလာရောက်ကုသသည့်အချို သော့ချို့ တဲ့ သည့်လူနာများကိုပင်လိုအပ်သည့်ဓါတ်စာ
ဖိုးနှင့်အသုံးအဆောင်များအားအခြားလူနာရှင်များထံမှပင်အလှူခံပေးပြီး   မိမိတို့ ကိုယ်ပိုင်ငွေများ
မှလည်းချို့ တဲ့ သောလူနာများနှင့်ပက်သက်၍ကုန်ကြခံသုံးစွဲမှုများရှိကြောင်း ဝေါဆေးရုံသိုလာရောက်
ကုသသည့်လူနာများအား အယုတ်အလတ်အမြတ်မရွေး တပြေးညီဆက်ဆံပါသည်ဟုတာဝန်ရှိသူ
ဆရာဝန်ကြီးကပြောသည်။
           ဝေါမြို့ နယ်ဆေးရုံကြီးတွင် ပြီးခဲ့သည့် အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်းစုစုပေါင်း
မွေးလူနာ(၁၁၃)ဦးရှိပြီး အရှင်မွေး(၁၁၁)ဦးနှင့်အသေမွေး(၂)ဦးသာရှိကြောင်း တစ်မြို့ နယ်လုံးအနေ
ဖြင့်နိုဝင်ဘာလအတွင်းမွေးလူနာ(၃၄၇)ဦးတွင်အသေမွေး(၇)ဦးသာရှိကြောင်းဝေါမြို့ နယ်ပြည်သူ့ 
ဆေးရုံကြီး၏စာရင်းမှတ်တမ်းများအရဆက်လက်သိရှိရသည်။
copy from - wawmedia
၂၀၁၄ခုနှစ်ဝေါမြို့နယ်ပိုင်ဆပ်သွားခြုံကျေးရွာတွင်ဖြစ်ပွားခဲ့သောလူသတ်မှုသတင်းဓါတ်ပုံများဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဝေါမြို့နယ်အတွင်းရှိရေဘေးဒုက္ခသည်များအားစေတနာရှင်အဖွဲ့မှလာရောက်လှူဒါန်း(၂၀၁၄ 
----------------------------------------------------------------------------------------------------------------------------
ခုနှစ်သြဂုတ်လ)
------------------------
--------------------
ဝေါ သြဂုတ် (၁၆)
ဝေါမြို့နယ်အတွင်းရှိ ရေနစ်မြုပ်သော်လည်းကယ်ဆယ်ရေးစခန်းများ
တွင်စာရင်းမဝင်ထားသည်
်ရေဘေးဒုက္ခသည်များအားရန်ကုန်စေတနာရှင်အဖွဲ့
တစ်ခုမှ(၁၆-၈-၂၀၁၄)နေ့ ၌လာရောက်လှူဒ့ါန်းခဲ့ကြောင်းသတင်းရှိသည်
အဆိုပါစေတနာရှင်လူငယ်အဖွဲ့တွင် လူငယ် (၁၅) ဦးခန်ပါဝင်ပြီး ရေဘေးဒုက္ခသည်များ၏နေအိမ်များသို့ စက်လှေများဖြင့်သွားရောက်၍လှူဒါန်းခဲ့သည်ဟု၎င်းအဖွဲ့နှင့်လိုက်ပါကူညီသူကန်တော်ရပ်ကွက်သားတစ်ဦးကပြောသည်
အချိန်အခါမဲ့မိုးရွာသွန်းမှုကြောင့်ရက်ရွေ့ဆိုင်းခဲ့သော Vcd 
===============================================
ကာရာအိုကေအလွတ်ဆိုပြိုင်ပွဲဆက်လက်ကျင်းပ( ၂၀၁၄ခုနှစ် နိုဝင်ဘာလ)
=======================================================
ဝေါ နိုဝင်ဘာ( ၁၂)
ဝေါမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းမနံဘေးရှိရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏(၃၁)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်တွင်ကျင်းပပြုလုပ်လျှက်ရှိသည့်ကာရာအိုကေပြိုင်ပွဲမှာပြီးခဲ့သည့်ရက်ပိုင်းကမိုးရွာသွန်းမှုကြောင့်ရက်ရွေ့ဆိုင်းခဲ့ရပြီး နိုဝင်ဘာ(၁၂)ရက်နေ့ည( ၈) နာရီအချိန်ခန့် က ပြန်လည်ဆင်နွှဲခဲ့ကြောင်းသတင်းရှိသည်
 ရဲလုပ်ငန်းနှင့်ပက်သက်သော သတင်းစာရှင်းလင်းပွဲပြု ၂၀၁၄ ခုနှစ် နိုဝင်ဘာ(၂၁)ရက်
==================================================================
====================================
ဝေါ နိုဝင်ဘာ ၂၁
ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင်၂၀၁၄ခုနှစ်နိုဝင်ဘာ(၂၁)ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့် က ရဲလုပ်ငန်းနှင့်ပက်သက်သော သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသတင်းရှိသည် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မြို့ မိမြို့ ဖများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ ပြီးမြို့ နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးအုန်းလွင်က ရဲလုပ်ငန်းနှင့်ပက်သက်သောအကြောင်းအရာများအားရှင်းလင်းဖြေကြားခဲ့ ကြောင်းသိရှိရသည်။
တူမဖြစ်သူအားလက်သမားသုံးဆောက်ဖြင့်ထိုးမှုဖြစ်ပွား၂၀၁၄ ခုနှစ်နိုဝင်ဘာ(၂၆)
===========================================================
ညောင်ခါးရှည်၊နိုဝင်ဘာ(၂၇)
ဝေါမြို့နယ်ညောင် ခါးရှည်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင် ဘာလ (၂၅ )က်နေ့ည နေ( ၆) နာရီ ခွဲ အချိန် ခန့် က တစ်အိမ်တည်းအတူနေတူမ ဖြစ်သူနှင့်  လမ်း၌သွားလာနေ သော ကျေးရွာသားတစ်ဦး အား လက်သမားသုံးဆောက်ဖြင့်ထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်
၎င်းဖြစ် စဉ် နှင့်ပက်သက်၍ ညောင် ခါးရှည် နယ်မြေရဲ စခန်းမှ လက်သမားသုံးဆောက်ဖြင့်ထိုးခဲ့သည်ဟုဆိုသည့်တရားခံဟုယူဆရသူ ခေါင်းကြီး( ခ) မွန်ကြီး (ခ )ဇော်မင်းထွန်း ညောင် ခါး ရှည် ကျေးရွာနေသူ အား (ပ )/၁၅၃ ပြစ်မှုပုဒ်မ- ၃၂၆ ဖြင့် အမှုဖွင့်အ ရေးယူ
ထားကြောင်း သတင်းရ ရှိသည်
                 ဟိုင်းလတ်ယာဉ်ငယ်အရှိန်လွန်တိမ်းမှောက် ၂၀၁၄ ဒီဇင်ဘာ(၇)ရက်
                ==================================================
ယခုလဒီဇင်ဘာ(၇) ရက်နေ့ညနေပိုင်းက
ဝေါပဲခူးရန်ကုန်ပြေးဆွဲနေသောဟိုင်းလတ်ယာဉ်ငယ်တစ်စီး
ဝေါမြို့နယ်ကျိုက်လှကျေးရွာ
အဝင်ရိုးချောင်းထဲ
သို့အရှိန်မထိန်းနိုင်ဘဲတိမ်း
မှောက်ထိုးကြခဲ့ကြောင်း
သတင်းရရှိသည် ယာဉ်တိမ်းမှောက်ထိုးက်ြခြင်း
ကြောင့်ယာဉ်မောင်းနှင့်ယာဉ်
်ပေါ်ပါခရီးသည်အချို့ဒဏ်ရာ
အနည်းငယ်ရရှိခဲ့ပြီးစိုးရိမ်ဖွယ်အခြေအနေမရှိကြောင်းဆက်လက်သိရှိရသည်
လိုင်စင်မဲ့ ကားတိုက်မိ၍ပညာရေးဝန်ထမ်းတစ်ဦးသေဆုံး (၂၀၁၄ ဒီဇင်ဘာ (၁၅)
-=-=-=-=-==-==-=-=-=-=-===-==-=-=-=-=-=-=-=-=-=-=-=-=--=-=-=-=-=-=-=-=-==
ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ပညာရေးမှူးရုံးရှေ့၌ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးလူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်
ဖြစ်စဉ်မှာ၂၀၁၄ခုနှစ်ဒီဇင်ဘာ(၁၅)ရက်နေ့ နေ့ လည် (၁၁)နာရီ(၄၅)မိနစ်ခန့် က ဝေါမြို့ကန်တော်ရပ်ကွက်တွင်နေထိုင်သူအသက် (၅၈) နှစ်အရွယ်ရှိ သူဌေးကုန်းကျေးရွာမူလတန်းကျောင်းအုပ်ဆရာ ဦးယုလွင်မောင်းနှင်လာသောဆိုင်ကယ်နှင့်မော်လမြိုင်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင်ပရိုဘောက်မော်တော်ယာဉ် ၅ခ/၅၅၆၈ ယာဉ်နှင့်တိုက်မိခြင်းဖြစ်သည်
အဆိုပါယာဉ်တိုက်မှုကြောင့်
ဦးယုလွင်မှာအခင်းဖြစ်နေရာ၌သေးဆုံးသွားကြောင်းသိရှိရပြီးအဖြူရောင်ကားအားမောင်းနှင်သူမှာ ကျိုက်ထိုမြို့နေကိုအောင်အောင်ဆိုသူဖြစ်ကြောင်းဆက်လက်သိရှိရသည်
                 ၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၁၂)ရက်နေ့ ကMobile Team သတင်း
-          
-=-=-==-=-=-=-=-==-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-==-=-=-=-
ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်ပိုင် ညောင်ခါးရှည-် မြစ်ကျိုး လမ်းဆုံအနီးရှိ စားသုံးသူအကာအကွယ်ပေးရေးနှင့်တရားမဝင်ကုန်သွယ်မှုထိန်းချုပ်ရေး(Mobile Team 2)အဖွဲ့ကြီးမှ ယခုလဒီဇင်ဘာ(၁၂)ရက်နေ့ကကာလတန်ဖိုး ကျပ်သိန်း (၂၈၀ )ကျော်ခန့် တန်ဖိုးရှိ ကားဘီးတာယာများနှင့် မော်တော်ယာဉ်သုံးဆက်စပ်ပစ္စည်းများအားသိမ်းဆည်းရမိကြောင်းသတင်းရရှိသည်
ရိုးရာလက်ဝှေ့ချန်ပီယံဟောင်းရွှေဓူဝံ(ခ)စောသင် ဒါန်း ယာဉ်မ တော်တဆမှု ဖြစ် ပွား
===============================================================
ဝေါမြို့နယ် ပြည်သူ့ ခန်းမ ဆောင် အနီး (၁၇- ၁ -၂၀၁၄) ရက်နေ့  ယမန်နေ့ ည( ၈ )နာရီအချိန်ခန့်က
စောသင် ဒါန်း မောင်းနှင် လာသော
Crown အနက်ရောင် ကား နှင့်ဝေါ မြို့ အ ရှေ့ ဘက် ကမ်း ရပ် ကွက် နေသူ တစ် ဦး အား လမ်းဖြတ် ကူး စဉ် တိုက် မိခြင်း
ဖြစ် သည် အဆိုပါ ယာဉ် တိုက် မှုဖြစ် ပွားသည့်နေရာအနီး မြို့ နယ် ပြည့်သူ့ ခန်း မ ဆောင် တွင် တရားပွဲ ကျင်း ပ လျှက် ရှိပြီး ကားတိုက် ခံရသူ အမျိုးသား မှာ ၎င်းတရား ပွဲ ဝေယျာ ဝစ္စအား လာ ရောက်ကူ ညီကာ
တရားနာ သူတစ်ဦးဖြစ် ကြောင်းသိရှိရသည်
ရှောင်ကွင်းလမ်းအထွက်တွင်
====================
ကျပ်သိန်း(၁၇၀)ကျော်တန်ဖိုးခန်
======================
့ဘီယာကဒ်များဖမ်းဆီးရမိ
==================
ဝေါ မေ (၁၇)
ဝေါမြို့နယ်ပိုင် အရှေ့ဘက်ကမ်းရပ်ကွက် ဘုရားပျိုလမ်း တွင် မေ (၁၆) ရက်နေ့ ည (၁၁) နာရီအချိန်ခန့် က ကုန်တင်ယာဉ်ခြောက်ဘီးတစ်စီးအား Mobile Team (2) အဖွဲ့မှသတင်းအရ လာရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်
အဆိုပါဟွန်ဒိုင်းအမျိုးအစား 6C/4870 ယာဉ်ပေါ်မှ ကာလတန်ဖိုးကျပ်သိန်း (၁၇၀) ကျော်တန်ဖိုးခန့် ရှိ ယိုးဒယားနိုင်ငံထုတ် ဘီယာကဒ် (၁၇၃၆ )ဖါသိမ်းဆည်းရမိပြီး ယာဉ်မောင်းမှာထွက်ပြေးလွတ်
မြောက်သွားကြောင်းဆက်လက်
သိရှိရသည်
ကျောင်းသွားပြို့ပီးအပြန်အမျိုးသမီးတစ်ဦးကားတိုက်ခံရ၍သေဆုံးမှုဖြစ်ပွား
 =======================================================
ဝေါ ၊ဇွန်(၈)
 ဝေါမြို့ အရှေ့ ဘက်ကမ်းရပ်ကွက် ရထားသံလမ်းကူးအနီးတွင် ဇွန်လ(၈)ရက်နေ
့နံနက်(၉)နာရီအချိန်ခန့် ကစက်ဘီးတစ်စီးနှင့်ကားတစ်စီးတိုက်မှုဖြစ်ပွားခဲ
့ပြီးယာဉ်တိုက်မှုကြောင့် စက်ဘီးစီးနင်းလာသူအမျိုးသမီးတစ်ဦးသေဆုံးခဲ
့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာဝေါမြို
့နယ်ပိုင်ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ်(၇၂/၁နှင်
့၇၂/၂)ကြားတွင်ဝေါမြို့ အရှေ့ ဘက်ကမ်းညောင်ပင်သာရပ်ကွက်နေ မစန်းပပအောင်
စီးနင်းလာသောစက်ဘီးမှာရှေ
့မှစက်ဘီးတစ်စီး၏နောက်ကယ်ရီယာခုံနှင့်ချိတ်မိပြီးလဲကြသွားစဉ်ဝေါမြို
့မှကျိုက်ထိုမြို့ ဘက်သို့ ယာဉ်မောင်း ကျော်ကြီး(ဘ)ဦးစံရွှေ
မောင်းနှင်လာသော NASSAN CONOOR(6) ဘီးယာဉ်၏ရှေ့ ဦးခေါင်းဝဲဘက်ဘီးနှင်
့ကြိတ်မိခြင်းဖြစ်ပြီး၎င်းယာဉ်တိုက်မှုကြောင်
့မစန်းပပအောင်မှာဝဲလက်မောင်းရင်းပြတ်ရှဒဏ်ရာ၊၀ဲနားထင်ပြတ်ရှဒဏ်ရာ၊၀ဲမျက်လုံးအောက်ပြတ်ရှ
ဒဏ်ရာ၊မေးစေ့အောက်ပေါက်ပြဲဒဏ်ရာ၊နှာခေါင်းသွေးထွက်ဒဏ်ရာများဖြင့် ဝေါမြို
့ပြည်သူ့ ဆေးရုံကြီးတွင်ကွယ်လွန်သွားကြောင်းဝေါမြို
့မရဲစခန်း၏မှတ်တမ်းများအရသိရသည်
အဆိုပါယာဉ်တိုက်မှုအားမြို့မရဲစခန်းမှ ရဲအုပ်သန်းမြင့်
ကတရားလိုပြုလုပ်တိုင်တန်းသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ
ကျော်ကြီးအား ယာဉ်(ပ)၄၄/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် ဝေါမြို
့မရဲစခန်းမှရဲလုပ်ငန်းနှင့်အညီအမှုဖွင်
့လှစ်အရေးယူဆောင်ရွူက်ထားကြောင်းဆက်လက်သိရှိရသည်။
waw news
     ဝေါမြို့ နယ်တွင်းရှိကျောင်းများတွင်စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများကျင်းပပြုလုပ်
========================================================================
ဝေါ၊ဇူလိုင်(၂၂)
                     ပဲခူးတိုင်းဒေသကြီးဝေါမြို
့နယ်ပိုင်ဘုရားပျိုကျေးရွာ အ-ထ-က(ခွဲ)စာသင်ကျောင်းနှင်
့ရွာသစ်ကျေးရွာအ-ထ-က(ခွဲ)စာသင်ကျောင်းများတွင်ဝေါမြို့ နယ်စာပေစေတမန်အဖွဲ
့မှစာဖတ်ချိန်မြှင့်
့ကကျင်းပပြုလုပ်ခဲ့ ကြောင်းသတင်းရရှိသည်။
                 အဆိုပါဟောပြောပွဲကိုနံနက်(၉)နာရီအချိန်ခန်
့ဘုရားပျိုကျေးရွာအ-ထ-က(ခွဲ)ကျောင်း၌
စတင်ဟောပြောခဲ့ကြောင်းဝေါမြိုနယ်မဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးအောင်နိုင်ကဟောပြောပွဲအဖွင့် အမှာစကားပြောကြားပြီး စာပေစေတမန်အဖွဲ့ 
ဥက္ကဌစာရေးဆရာ
ဘုန်းဇော်မိုး(ဥဿ)က “စာပေနှင့် ဘ၀ပုံရိပ်များ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ
့သည် ဟုာပေစေတမန်
အဖွဲ့ ဝင်ဦးအောင်ခိုင်ထူးကပြောသည်။
               “ ဝေါမြို့ နယ်ထဲမှာ ဟောပြောပြီးခဲ့ တဲ
ကျောင်းပေါင်း(၁၁)ကျောင်းကျော်လောက်ရှိပါပြီ
ကျွန်တော်တို့ စာပေစေတမန်အဖွဲ့ ကို(၇-၅-၂၀၁၅)ရက်နေက့ 
ဖိုးဦးစိန်ကျေးရွာမင်းသုဝဏ်စာကြည့်
တိုက်ဖွင့် ပွဲနေ့ မှာအဖွဲ့ ဝင်(၁၈)ဦးနဲ့ စတင်ဖွဲ့ စည်းခဲ့ တာပါ ’’ ဟု
ယင်းအဖွဲ့ ဥက္ကဌ  ဦးဘုန်းဇော်မိုးက
ပြောသည်။
                     မိမိတို့ စာပေစေတမန်အဖွဲ့ ကိုအနှောင်အဖွဲ့ ကင်းတဲ
့အဖွဲ အစည်းတစ်ခု    အဖြစ်နဲ
့ရပ်တည်သွားမှာဖြစ်ပြီးစာပေဖွံ
့ဖြိုးရေးကိစ္စများကိုသာရှေးရှုဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒေသတွင်း
ကျောင်းသား/သူ လူငယ်များ စာဖတ်ချိန်မြှင့် တက်စေရန်နှင်
့ပြင်ပစာပေဗဟုသုတများပိုမိုတိုးတက်
မြင့် မားစေရန် ရည်ရွယ်၍်ဖွဲ့ စည်းခဲ့ ခြင်းဖြစ်ပြီး စာမူပြိုင်ပွဲများ
စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုလည်း မြို
့နယ်အဆင့် ကျင်းပပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း၎င်းကဆက်လက်ဆိုသည်။
waw news
       သတ်မှတ်ကာလပြီးဆုံးသော်လည်းကျေးရွာခြင်းဆက်လမ်းဆောင်ရွက်မှုမရှိသေးဟုဆို
     ===================================================================
ပဲခူး၊၊မေ(၁၆)
ပဲခူးတိုင်းဒေသကြီး  ဝေါမြို့နယ်ကျုံရဲ့ 
ကျေးရွာတွင်၂၀၁၄/၂၀၁၅ဘဏ္ဍာရေးနှစ်အတွက်သုံးစွဲခွင့် ရသော  ဒေသဖွံ
့ဖြိုးရေးရန်ံပုံ့ငွေကျပ်သိန်း(၁၀၀၀)မှ ကျုံရဲ့ -ဘိုကတော်
ကျေးရွာခြင်းဆက်မြေသာ်းလမ်းခင်းမည်ဟုသတ်မှတ်တင်ပြတောင်းဆိုခဲ
့သော်လည်းအဆိုပါကျေးရွာခြင်းဆက်လမ်းအားသတ်မှတ်ကာလပြီးဆုံးသည်
့တိုင်ဆောင်ရွက်ပေ်းခြင်းမရှိပါဟုကျုံရဲ့ ကျေးရွာသားတစ်ဦးကပြောသည်။
“ကျုံရဲ့ -ဘိုကတော် ကျေးရွာခြင်းဆက်မြေသားလမ်းခင်းဖို့ အတွက်
ကျေးရွာလူကြီးတွေလက်ထဲကိုငွေကျပ်(၄၆)သိန်းကျော်ကြလာတယ်လမ်းခင်းမယ်မလွတ်တဲ
့ခြံတွေနောက်ဆုတ် မလွတ်တဲ့ သစ်ပင်တွေလှဲဆိုတော့ အားလုံးရှင်းပေးရတယ်
တကယ်တကယ်ခင်းတော့ပြောတဲ့လမ်းမဟုတ်ဘဲရွာထဲကလမ်းတွေကိုလျှောက်ခင်းတယ်
မူလဆောင်ရွက်ရမဲ့ အစီအစဉ်ကိုမလုပ်ပေးဘူးခြံနောက်ဆုတ်ပေးရ
သစ်ပင်တွေလှဲပေးရနဲ့ ကျေးရွာသားတွေအလုပ်ပို စိတ်သောကရောက်ခဲ့ ရသည်
“ဟုယင်းကျေးရွာသားဦးသောင်းကပြောသည်။
မိုးတွင်းကာလ၌ရွာလယ်လမ်းသည်ရေနစ်မြုပ်မှုဖြစ်ပေါ်၍ ကျောင်းသားများနှင်
့ကျေးရွာသားများသွားလာရေးလွယ်ကူစေရန် ရွာလယ်လမ်းအားဦးစားပေးဆောင်ရွက်ခဲ
့ခြင်းဖြစ်ကြောင်းသတ်မှတ်နေရာပြောင်းလွဲဆောင်ရွက်ရန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အားတင်ပြပြီးမှဆောင်ရွက်ခြင်းဖြစ်သည်ဟုကျုံရဲ
့ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။
ဒေသဖွံ့ ဖြိုးရေးရံပုံငွေမှ
ကျေးရွာခြင်းဆက်လမ်းပေအရှည်(၄၀၀၀)အတွက်အသုံးပြုမှုမရှိခဲ
့သော်လည်းကျေးရွာတွင်းရွာလည်လမ်းပေအရှည်(၁၇၀၀)အတွက်အသုံးပြုခဲ
့ကြောင်းသိရှိရပြီး၎င်းလုပ်ငန်းကိစ္စများကို ကျေးရွာဖွံ့ /ထောက် ကော်မတီမှ
ဦးစီးဆောင်ရွက်ပြီးလုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းများကို
သက်ဆိုင်ရာနယ်မြေအလိုက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှဆောင်ရွက်ရကြောင်းသိရှိရသည်။
 ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ရရှိသောဝေါမြို့ နယ်ဒေသဖွံ
့ဖြိုးတိုးတက်ရေးရန်ပုံငွေကျပ်သိန်း(၁၀၀၀)အားစီမံခန့် ခွဲရန်၂၀၁၃ ခုနှစ်
ဒီဇင်ဘာ(၁၀)ရက် နေ့ ကထုတ်ပြန်ခဲ့ သောပြည်ထောင်စုလွှတ်တော်အမိန်
့ကြေငြာစာအမှတ်(၈၆/၂၀၁၃)အရလွှတ်တော်ကိုယ်စားလှယ်များပါဝင်သောဝေါမြို
့နယ်ဖွံ့ ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရေးအဖွဲ့ ကို၂၀၁၃ခုနှစ
်ဒီဇင်ဘာ(၁၃)ရက်နေ့ တွင်စတင်ဖွဲ့ စည်းခဲ
့ကြောင်းသိရှိရပြီးယခုနှစ်ဒေသဖွံ
့ဖြိုးရေးရန်ပုံငွေကျပ်သိန်းတစ်ထောင်အားဝေါမြို
့နယ်တွင်းရှိရပ်/ကျေး(၆၀)မှ(၃၄)အုပ်စုခွဲဝေသုံးစွဲခွင်
့ရရှိကြောင်းသတ်မှတ်ကာလ(၂၀၁၅ မတ်လ)ကုန်သော်လည်းလုပ်ငန်းမပြီးပြတ်သေးသည်
့ကျေးရွာအချို့ ရှိကြောင်းဆက်လက်သိရှိရသည်။်
               ဒေသတွင်းကတ္တရာလမ်းသစ်ခင်းခြင်းဆောင်ရွက်မှုအား  ကြီးကြပ်စစ်ဆေးဟုဆို
           =============================================================ဝေါ၊အောက်တိုဘာ(၅)
ပဲခူးတိုင်းဒေသကြီးဝေါမြိုနယ်ပိုင်ချမ်းမြသာစည်ရပ်ကွက်တွင်းရှိအောင်ဆန်းသူရိယ
လှသောင်းလမ်းအား အောက်တိုဘာ(၂၈)ရက်နေက၊  ကတ္တရာလမ်းအဖြစ်အဆင့်တိုးမြှင့်လမ်းခင်းရန်
စတင်ဆောင်ရွက်ခဲ့ ကြောင်းဝေါမြို့ ခံချမ်းမြသာစည်ရပ်ကွက်သားတစ်ဦးထံကသတင်းရရှိသည်။
                     အဆိုပါလမ်းခင်းဆောင်ရွက်မှုအား
ပြီးခဲ့သည့်နိုဝင်ဘာ(၂)ရက်နေ့ ညနေပိုင်းကဝေါမြို
့နယ်စည်ပင်သာယာအမှုဆောင်အရာရှိဦးသန်
့ဇင်ဦးနှင့်တာဝန်ခံအင်ဂျင်နီယာဦးကျော်သန်းတို မှသွား
ရောက်ကြီးကြပ်စစ်ဆေးခဲ့ ကြောင်းသိရှိရသည်။
                     “ကျွန်တော်တို့ လမ်းကို ဒီနေ
့ညနေပိုင်းကတ္တရာလောင်းတော့ စည်ပင်ကလူကြီးတွေ
လာကြည့်တယ်ရပ်ကွက်ထဲမှာကျောက်ချောလမ်းကတ္တရာလမ်းတွေများလာတော့မိုးတွင်းသွားလာရ
တာအဆင်ပြေတယ်ကျန်တဲ့ လမ်းတွေလဲကျန်သေးတာပေါ့လေ”ဟုအောင်ဆန်းသူရိယလှသောင်း
လမ်းတွင်နေထိုင်သူကိုအောင်ကျော်ကပြောသည်။
၎င်းအောင်ဆန်းသူရိယလှသောင်းလမ်းမှာ၂၀၁၅/၁၆ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးစည်
ပင်သာယာရေးရံပုံငွေမှသုံးစွဲဆောင်ရွက်ခွင့်ရရှိသောလမ်း(၇)လမ်းထဲမှ
တစ်လမ်းဖြစ်ပြီးငွေကျပ်(၁၆၅)
သိန်းခန့်ကုန်ကျကြောင်းအရှည်ပေ(၈၉၀)၊
အကျယ်ပေ(၁၂)၊အမြင့်(၉)လက္မရှိကြောင်းယခုနှစ်ဘဏ္ဍာ
ရေးနှစ်တွင်ဒေသတွင်းလမ်းများအဆင့်မြှင့်တင်ရန်၊
တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲရံပုံငွေမှ
လမ်း(၇)လမ်းအတွက် ငွေကျပ်သိန်း(၆၅၀)ခန့် သုံးစွဲခွင့်ရရှိခဲ့ ကြောင်း
စည်ပင်သာယာရေးအဖွဲရုံးမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဝေါမြိုနယ်တွင်းရှိစည်ပင်သာယာပိုင်နယ်နိမိတ်အတွင်းလမ်းပေါင်း(၁၄၁)လမ်းရှိပြီးကတ္တ
ရာခင်းပြီးသောလမ်း(၃၅)လမ်းရှိကြောင်းအခြားလမ်းများမှာကျောက်ချောလမ်းနှင့်မြေသားလမ်းများဖြစ်
ပြီးအစိုးရအဖွဲ့ မှရရှိသောရံပုံငွေများ၊တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲမှ
 သုံးစွဲဆောင်ရွက်ခွင့်ရရှိ
သောရံပုံငွေများဖြင့်ဒေသတွင်းလမ်းများ
အားတိုးမြှင့်ခင်းရန်ဆောင်ရွက်နေကြာင်း     ဆက်လက်သိရှိ
ရသည်။
waw news