ယင်းကျက်(ပိုက်တန်း)အားစက်လြှေ ဖင့် တိုက်မိ၍ဓါးခုတ်မှုဖြစ်ပွား
-=-=-=-=-=-=-=-=-=-=-=-=-==-=-=-=-=-=-=-=-=-=-=-=-=-=-=
ဝေါ၊စက်တင်ဘာ(၂၁)
ပဲခူးတိုင်းဒေသကြီးဝြေါ မို့ နယ်ပိုင်ကော့ဝင်းကျေးရွာတွင် စက်တင်ဘာလ(၁၆)ရက်နေ
့နံနက်(၁)နာရီကျော်အချိန်ခန့် ကဓါးခုတ်မှုတစ်ခုဖြစ်ပွားခဲ့ ကြောင်းယင်းကျေးရွာသား တစ်ဦးထံက
သတင်းရရှိသည်။
ဖြစ်စဉ်မှာကော့ဝင်းကျေးရွာနေ ကိုတင်အောင်မိုး(ဘ)ဦးကျော်လှို င်ဆိုသူမှာ၎င်းနှင့်  တစ်ရွာ
တည်းနေသူကိုပြည်ဖြိုး(ဘ)ဦးသိ န်းလှိုင်၏ကျီးပင်ပေါက်ကွင်းရှိ လယ်တဲမှပြန်လာစဉ်ဦးချစ်ဟန်ဆို သူ၏
တဲအနီးရှိငါးထောင်ထားသောယင်းကျ က်(ပိုက်တန်း)အားစက်လှေဖြင့်  တိုက်မိခဲ့ သည်။
၎င်းဖြစ်စဉ်ကြောင့်စက်လှေ တိမ်းမှောက်သွားပြီး ကိုလင်းထိုက်ဆိုသူမှသွားရောက် ကူညီ၍
ရေထဲမှဆယ်ပေးခဲရကြောင်း ကိုတင်အောင်မိုးမှာ တဲသို့ ပြန်ရန်စက်လှေမရှိသဖြင့် ဦးချစ်ဟန်၏
တဲ၌ စက်လှေငှားမည် ဟုပြောဆိုကာထွက်သွားပြီးအပြန် ချောင်းတစ်ဘက်တာရိုးပေါ်အရောက်
တွင် ဦးချစ်ဟန်၏သားမက်များဖြစ်သည့် ကိုသူနှင့်ကိုဝင်းဇော်သန်းဆို သူတို့ မှ တာရိုးပေါ်သို့ 
လှေဖြင့်ကူးပြီး “ယင်းကျက်ကာထားတာမမြင်ဘူးလား”ဟု ဆဲဆိုကာ ကိုတင်အောင်မိုးအား ကိုသူက
ထိုးဝါးနှင့် ရိုက်ပြီးကိုဝင်းဇော်သန်းက အရှည်(၁၈)လက်မခန့် ရှိ ထင်းခုတ်ဓါးဖြင့်  ရိုက်ခုတ်ခဲ့ သည်
ဟုဝေါမြို့ မရဲစခန်း၏ ရဲမှတ်တမ်းများအရသိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဓါးဖြင့်ခုတ်ထိုးဝါးဖြင့် အရိုက်ခံရသူကိုတင်အောင်မိုးမှာ ဦးခေါင်းပြတ်ရှ
ဒဏ်ရာ၊ယာပုခုံးပြတ်ရှဒဏ်ရာ၊ ခါးနာကျင်ဒဏ်ရာတို့ ရရှိခဲ့ သဖြင့် ရဲဆေးစာဖြင့်  ဝေါဆေးရုံသို့ ပို
့ဆောင်ခဲ့ ရာအတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသခံယူလျှက်ရှိပြီး တရားခံဟုယူဆရသူ ကိုသူနှင့်
ကိုဝင်းဇော်သန်းတို့ နှစ်ဦးအားဒုရဲအုပ်ကျော်မိုးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဝေါမြို့ မရဲစခန်းမှ
(ပ)၃၆၁/၂၀၁၅ ပြစ်မှုပုဒ်မ-၂၉၄/၃၂၅/၃၂၆ တို့ ဖြင့်  ဖမ်းဆီးစစ်ဆေးအမှုဖွင့် လှစ်ထားကြောင်း
ဆက်လက်သိရှိရသည်။
waw news

No comments:
Post a Comment