Wednesday, December 2, 2015



 ဝေါမြို့ တွင်တစ်ဦးတည်းဆန္ဒထုတ်ဖေါ်ရန်သက်ဆိုင်ရာဌာနများသို့

ဥပဒေနှင့်အညီလျှောက်ထားဟုဆို

ဝေါ၊ဒီဇင်ဘာ(၁)

ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်ပိုင်အရှေ့ ဘက်ကမ်းရပ်ကွက်နေဦးဝင်းသိန်းဆိုသူကအခွန်
လွတ်ဈေးဆောက်လုပ်ရန်မြို့ နယ်စည်ပင်ဌာနမှ သိမ်းယူထားသော မိမိပိုင်မြေကွက်အားပြန်လည်ရရှိ
ရန် တစ်ဦးတည်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခွင့်ပြုရန်သက်ဆိုင်ရာသို့ ဥပဒေနှင့်အညီလျှောက်ထား
ကြောင်းသတင်းရရှိသည်။
“ကျွန်တော်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေနှင့်အညီ
သက်ဆိုင်ရာမြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံးနဲ့ ထွေ/အုပ်ရုံးကိုလျှောက်ထားတယ် ခွင့်ပြုတာမပြုတာက သူတို
့အပိုင်းပါ ဒီဇင်ဘာလ (၁၁)ရက်နေ့ ဝေါမြို့ မဈေးရှေ့ မှာ ဆန္ဒထုတ်ဖေါ်မှာပါ ’’ ဟုဦးဝင်းသိန်းကပြော
သည်။
၁၉၈၉ ခုနှစ်ကဈေးဆောက်လုပ်ရန်ဟုဆိုကာသိမ်းယူခဲ့ သည့်မြေများတွင်မိမိပိုင်မြေကွက်
ပါသွားခဲ့ ကြောင်းအဆိုပါကိစ္စနှင့်ပက်သက် ၍ နိုင်ငံတော်အကြီးအကဲများနှင့်သက်ဆိုင်ရာဌာနများသို
့တိုင်ကြားခဲ့ သော်လည်း ထူးခြားမှုမရှိသဖြင့် ယခုကဲ့ သို့ ဆန္ဒထုတ်ဖေါ်ရခြင်းဖြစ်ကြောင်း၎င်းကဆက်
လက်ဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ၃၅၄၊ပုဒ်မခွဲ(ခ)မှာ
နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေးတရားဥပဒေ စိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး
သို့ မဟုတ်ပြည်သူတို့ ၏ကိုယ်ကျင့်တရားအကျိုးငှာပြဌန်းထားသည့်ဥပဒေများနှင့်မဆန့် ကျင်လျှင်
လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွပ်လပ်စွာသုံး
စွဲဆောင်ရွက်ခွင့်ရှိသည်ဟုပြဌန်းထားကြောင်း ထိုအခွင့်အရေးများကိုသုံးစွဲဆောင်ရွက်နိုင်ရန်အတွက်
၂၀၁၁ ခုနှစ်ဒီဇင်ဘာ(၂)ရက်နေ့တွင်ငြိမ်း၊စု၊စည် ဥပဒေကိုပြဌန်းခဲ့ ပြီး၎င်းဥပဒေနှင့်ပက်သက်သည့်
ပြန်လည်ပြင်ဆင်သည့်ဥပဒေကိုလည်း ၂၀၁၄ ခုနှစ်ဇွန်လ(၂၄)ရက်နေ့ တွင်ပြည်ထောင်စုလွှတ်
တော်မှပြဌန်းခဲ့ ကြောင်းသိရှိရသည်။
copy from -wawmedia

No comments:

Post a Comment