Thursday, December 3, 2015

ထူးခြားသောဝိသေသရှိသည့်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၉)ဆူဒေသ
===================================
တွင်းလှည့်လည်အပူဇော်ခံ
====================

ဝေါ၊အောက်တိုဘာ(၂၉)

            ပဲခူးတိုင်းဒေသကြီးဝေါမြို့ နယ်အတွင်းရှိဝေါမြို့ မရဲစခန်းဝင်အတွင်း၌တည်ထားကိုးကွယ်ထား
သောရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်(၉)ဆူဒေသတွင်းလှည့်လည်အပူဇော်ခံခဲ့ ကြောင်းဝေါမြို့ မရဲစခန်းမှ
သတင်းရရှိသည်။
            အဆိုပါလှည့်လည်အပူဇော်ခံပွဲအားယခုနှစ်အောက်တိုဘာ(၂၇)ရက်နေ့ ညနေ(၄း၀၀)နာရီ
အချိန်ခန့် ကစတင်ပြုလုပ်ခဲ့ ပြီးရုပ်ပွားတော်များလှည့် လည်အပူဇော်ခံပွဲသို့ ဝေါမြို့ နယ်ဌာနဆိုင်ရာအ
ရာရှိများ၊မြို့ မိမြို့ဖများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊အရာရှိအရာခံရဲတပ်ဖွဲ့ ဝင်များ၊တပ်ဖွဲ့ ဝင်မိသားစုများနှင့်
ဒေသခံပြည်သူများလာရောကိဖူးမျှော်ကြည်ညိုခဲ့ ကြောင်းသိရှိရသည်။
           ၎င်းရုပ်ပွားတော်(၉)ဆူမှာလွန်ခဲ့ သော    (၂၅)နှစ်ကျော်ခန့် က     မသာမာသူလူတစ်စုမှတစ်
ဘက်နိုင်ငံသို့ ခိုးထုတ်ရန်ကြံရွယ်၍  ကုန်ပစ္စည်းအချို့နှင့်    ရောနှောတင်ဆောင်လာရာစစ်တောင်းတံ
တားအဟောင်းဘက်အခြမ်း၌ဝေါမြို့ မရဲစခန်းမှဖမ်းဆီးသိမ်းဆည်းရမိခြင်းဖြစ်သည်။
          စတင်သိမ်းဆည်းရမိချိန်တွင်ဗုဒ္ဓရုပ်ပွားတော်များမှာ(၁၈)ဆူဖြစ်ပြီးဝေါမြို့ နယ်တရားရုံးအဖွဲ့ (၁)
မှအမှုအမှတ်(၄၆၄/၉၀)ဖြင့်လက်ခံစစ်ဆေးကာဗုဒ္ဓရုပ်ပါပွားတော်(၉)ဆူအားရှေးဟောင်းသုတေသန
ဌာနသို့ အပ်နှံရန်အမိန့် ချမှတ်ခဲ့ ပြီးကျန်(၉)ဆူအားဗားဂရာကျောင်းတိုက်သာသနာပြုတက္ကသိုလ်မှ
ဆရာတော်ထံအပ်နှံရန်တိုင်းတရားသူကြီးရုံးအမှတ်(၂)မှအမိန့် ချမှတ်ခဲ့သည်။
              ဝေါမြို့ မရဲစခန်းမှပစ္စည်းထိန်းသိမ်းရေးအခန်းအတွင်းသိမ်းဆည်းထားစဉ် ရုပ်ပွားတော်များ
သီတင်းသုံးရာအခန်းတွင်းမှဆူဆူညံညံအသံများကြားရပြီးသော့ခလောက်များပွင့်နေ သည်ကိုမကြာခ
ဏကြုံတွေ့ ရပြီး  ထူးခြားသောဝိသေသများတွေ့ ရှိရသဖြင့်  ဆရာတော်များအားလျှောက်ထားရာမှ
ဆရာတော်များမှ ထိုလက္ခဏာများမှာ အများပြည်သ၊ူသူတော်စင်များဖူးမျော်ရန်ပြသတော်မူခြင်းဖြစ်
သည်ဟုမိန့် ကြားခဲသဖြင့်ဝေါမြို့ မရဲစခန်းမှ(၆-၉-၉၀)ရက်နေ့ စွဲပါစာအမှတ်၊၁၀၁၀/ပခရ/ဦး၂(၄၂၉၉)
ဖြင့်ဝေါမြို့ နယ်သာသနာရေးဦးစီးဌာန၊ဝေါမြို့နယ်တရားရုံး၊မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအ
ဖွဲ့ သို့ ကိုးကွယ်ခွင့်လျောက်ထားခဲ့သည်။ထိုသို့ လျှောက်ထားရာမှခွင့်ပြုခဲ့ သဖြင့် ယနေ့ အချိန်ထိဝေါမြို
့မရဲစခန်းဝင်းအတွင်းရှိဂန္ဓကုဋီတိုက်အတွင်းကိန်းဝပ်စံပယ်တော်မူနေခြင်းဖြစ်သည်ဟုအဆိုပါရုပ်ပွား
တော်များ၏သမိုင်းအကျဉ်းအရသိရှိရသည်။
              ဝေါမြို့မရဲစခန်းမှကြီးမှူး၍ှဗုဒ္ဓရုပ်ပွားတော်များအားဒေသတွင်း    လှည့်လည်အပူဇော်ခံခြင်း
စတုဒီသာကျွေးမွေးခြင်းနှင့်ပဌန်းပွဲများကျင်းပပြုလုပ်ခဲ့ သည်မှာယခုအကြိမ်နှင့်ဆိုလျှင်(၇)ကြိမ်မြောက်
ရှိပြီဖြစ်ကြောင်းဆက်လက်သိရှိရသည်။

waw news

No comments:

Post a Comment